အမေးများသော မေးခွန်းနှင့် အဖြေ

ဝယ်ထားသောပစ္စည်း ပြန်ရောင်း / ပြန်လဲ လို့ရလား?

ပြန်ရောင်း / ပြန်လဲ လို့ ရပါတယ်ရှင့်။

ရန်ကုန် / မန္တလေး ဆိုင်ခွဲများတွင်လည်းကောင်း၊ နယ်မှဆိုလျှင် ပို့ခခံ၍ ဆိုင်ခွဲလိပ်စာသို့ ပစ္စည်းပြန်ပို့ပေး၍သော်လည်းကောင်း အချိန်မရွေး အာမခံ ‌ဘောက်ချာဖြင့် အရောင်းအလဲ ပြုလုပ်နိုင်ပါသည်။

ဝယ်ထားသောပစ္စည်းရောက်လာလို့ မကြိုက်ရင် ပြန်လဲလို့ ရပါသလား?

online မှ ဝယ်ထားသော 18K ရွှေထည်များပစ္စည်း ရောက်လာလို့ အဆင်မပြေခဲ့လျှင် 2 gram အထက်ပစ္စည်းများကို ၃ ရက်မှ ၅ ရက်အတွင်း ကြိုက်သည့် နီးစပ်ရာဆိုင်ခွဲတွင် တန်ဖိုးတူ (သို့) တန်ဖိုးမြင့် အခြားပစ္စည်းနှင့် % မနှုတ်ပဲ တကြိမ် လဲလှယ်နိုင်ပါသည်။

နယ်မှဆိုလျှင် ပို့ခခံ၍ ပြန်ပို့ပြီး ပြန်လဲလို့ရပါသည်။

ရွှေ 18K Gold အရောင်းအလဲ

  • 18K Au 750 အမှတ်အသားပါ ရွှေထည်များ ပျက်စီးသည်ဖြစ်စေ မပျက်စီးသည်ဖြစ်စေ  ပြန်သွင်းလျှင် 20% တန်ဖိုးမြင့် ပြန်လဲလျှင် 15% လျော့၍ ပြန်ဝယ်ပေးပါသည်။

အခေါက် 999 Gold အရောင်းအလဲ

999 Gold ပြန်ရောင်း / ပြန်လဲ လျှင် ရွှေပေါက်စျေးဖြင့် လက်ခရှုံး၍ ပြန်ဝယ်ပေးပါသည်။

လက်ခ / gram 36000 Ks မှ စရှိပါသည်။

Fancy ပစ္စည်းနှင့် ကြိုးများ ပြန်မဝယ်ပါရှင့်။