အမေးများသော မေးခွန်းနှင့် အဖြေ

ဝယ်ထားသောပစ္စည်း ပြန်ရောင်း / ပြန်လဲ လို့ရလား?

ပြန်ရောင်း / ပြန်လဲ လို့ ရပါတယ်ရှင့်။

ရန်ကုန် / မန္တလေး ဆိုင်ခွဲများတွင်လည်းကောင်း၊ နယ်မှဆိုလျှင် ပို့ခခံ၍ ဆိုင်ခွဲလိပ်စာသို့ ပစ္စည်းပြန်ပို့ပေး၍သော်လည်းကောင်း အချိန်မရွေး အာမခံ ‌ဘောက်ချာဖြင့် အရောင်းအလဲ ပြုလုပ်နိုင်ပါသည်။

ဝယ်ထားသောပစ္စည်းရောက်လာလို့ မကြိုက်ရင် ပြန်လဲလို့ ရပါသလား?

online မှ ဝယ်ထားသောပစ္စည်း ရောက်လာလို့ အဆင်မပြေခဲ့လျှင် ၃ ရက်မှ ၅ ရက်အတွင်း ကြိုက်သည့် နီးစပ်ရာဆိုင်ခွဲတွင် တန်ဖိုးတူ (သို့) တန်ဖိုးမြင့် အခြားပစ္စည်းနှင့် % မနှုတ်ပဲ တကြိမ် လဲလှယ်နိုင်ပါသည်။

နယ်မှဆိုလျှင် ပို့ခခံ၍ ပြန်ပို့ပြီး ပြန်လဲလို့ရပါသည်။

ရွှေ 18K Gold အရောင်းအလဲ

  • အထည်မပျက်ပြန်သွင်း 20 %
  • အထည်မပျက်ပြန်လဲ 15% (တန်ဖိုးမြင့်)
  • ပျက်စီး 30%

ရွှေစျေးများ နှစ်ကာလကြာလာ၍ အပြောင်းအလဲ အရမ်းဖြစ်ခဲ့လျှင် ပေါက်စျေးဖြင့် ပြန်လက်ခံ ဝယ်ယူပေးပါသည်။

အခေါက် 999 Gold အရောင်းအလဲ

999 Gold ပြန်ရောင်း / ပြန်လဲ လျှင် ရွှေပေါက်စျေးဖြင့် လက်ခရှုံး၍ ပြန်ဝယ်ပေးပါသည်။

လက်ခ / gram 22000 Ks မှ စရှိပါသည်။

Fancy ပစ္စည်းနှင့် ကြိုးများ ပြန်မဝယ်ပါရှင့်။